ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ဦးသန်းဌေး ညောင်လေးပင်မြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
ညောင်လေးပင်၊သြဂုတ်၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဦးသန်းဌေးနှင့် ပါတီ ဗဟိုအလုပ်အမှူဆောင်များ၊ဗဟိုကော်မတီဝင်များ၊ပဲခူးတိုင်းပါတီအတွင်းရေးမှူးနှင့်တိုင်းပါတီကော်မတီဝင်များ၊ခရိုင်၊မြို့နယ်များမှတာဝန်ရှိသူများ၊သီဟသွေးလူငယ်များ၊ရပ်၊ကျေးပါတီအဆင့်ဆင့်မှတာဝန်ရှိသူများနှင့်သြဂုတ်လ၂၂ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ ညောင်လေးပင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင်ပါတီဥက္ကဋ္ဌဦးသန်းဌေးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ညောင်လေးပင်မြို့နယ်ပါတီ၏ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များမှ ပါတီဥက္ကဋ္ဌအားပါတီ၏ရပ်/ကျေး အခြေအနေပါတီဝင်ထုစည်းရုံးရရှိထားမှူအခြေအေနေ ပါတီတွင်းမြို့နယ် ရပ်/ကျေး ပါတီစည်းလုံးညီညွတ်မှူအခြေအနေများအပေါ်သိရှိလိုသည်များမေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရပ်/ကျေးပါတီဥက္ကဋ္ဌများမှပါတီ၏အခြေအနေ ရှင်းလင်းခဲ့ပြီးပါတီဥက္ကဋ္ဌမှပါတီလက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ ချမှတ်ထားသောမူဝါဒ၊ရည်မှန်းချက်များအားအကောင်အထည်ဆောင်ရွက်နေမှူအခြေအနေများအားတက်ရောက်လာသူများအားချပြရှင်းလင်းခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားလမ်းညွန်မှာကြားခဲ့ပြီးနောက်တက်ရောက်လာကြ
သောပါတီဝန်းရံသူမြို့မိ/မြို့ဖများ၊ပါတီနာယကများ၊ပါတီဝင်များ၊ပါတီလူငယ်များ၏တင်ပြချက်များအပေါ်ပါတီဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ပါတီတာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။