မြောက်ဥက္ကလာပမြို့ ပြည်ခိုင်ဖြိုးပါတီမှ အပတ်စဉ် ပုံမှန်အစည်းအဝေးကျင်းပ

 

ရန်ကုန်၊ သြဂုတ် ၂၀

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်အစည်းအဝေးအား ယမန်နေ့ ညနေ ၃ နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မြိုနယ်ပါတီဥက္ကဌ ဦးခင်မောင်မြင့်ကဦးဆောင်ကျင်းပပြီး ပါတီဥက္ကဌမှ တက်ရောက်လာကြသော ရပ်ကွက်ဥက္ကဌနှင့် ကော်မတီဝင်များအား လမ်းညွန်မှာကြားရာမှာ ပါတီတွင်း ကျစ်လစ်ခိုင်မာပြီး အင်အားတောင့်တင်းသော ပါတီတရပ်ပီပီ စုစည်းပြီး အင်းအားများအပြင် ဆက်လက်၍လည်း၂၀၂၀ ပါတီအောင်နိုင်ရေးအတွက် ပြည်သူအကျိုးစွမ်းစွမ်းတမံဆောင်ရွက်ရင်း ပြည်သူယုံကြည်အားကိုးထိုက်တဲ့ပါတီ ဖြစ်စေရမည်အပြင် အင်အားတိုးတက်ရေး ဆောင်ရွက်ကြဖို့ ပါတီတာဝန်ထမ်းဆောင်ရာတွင်လည်း စံပြပုဂ္ဂိုလ်ဖြစ်ဖို့နှင့်ြ ပည်သူအခက်အခဲနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့လျှင်လည်း အချိန်မဆိုင်ပဲ ပြည်သူထံအရောက်သွား အခက်ခဲများကူညီဆောင်ရွက်ဖို့ လမ်းညွန်မှာကြားပါသည်။
ဆက်လက်ပြီး မြို့နယ်ပါတီကော်မတီများမှ ရေးရာအလိုက်ေ ဆွးနွေးကြပြီး တက်ရောက်လာကြသော ရပ်ကွက်ပါတီခေါင်းဆောင်များမှ ရပ်ကွက်အလိုက် ဆောင်ရွက်ချက်များ ပြန်လည်ဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဌမှ သိရှိ့လိုတာများ ပြန်လည်ရှင်းလင်းဖြေကြားပြီး အစည်းအဝေးအား ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာပြီးမြောက်ပါသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)