မြိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီများသည် လူငယ်ကိုယ်စားလှယ် ကိုအောင်ဆန်းထွန်း နှင့်လူငယ်ကော်မတီဝင်များ ပါဝင်လျက် မန်ကျည်းကန်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ပါတီဝင်ဦးအောင်မြိုင်နေအိမ်၌ ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)