ဆော်ဒီအာရေဗျ ဆီကနေ အမှတ်ရယူနိုင်မှာလား မြန်မာ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ အာရှဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ မြောက်ကိုရီးယားကို ၁ ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒီနေ့ည ၆ နာရီခွဲမှာ ဆော်ဒီအာရေဗျ အသင်းနဲ့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ အားအနည်းဆုံးလို့ ဆိုရမယ့် မြန်မာ ယူ၂၃ အသင်းဟာ မြောက်ကိုရီးယားနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။

ဒီနေ့ညမှာလည်း ကိုယ်ထက်အင်အားကြီးတဲ့ ဆော်ဒီအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် မြန်မာအသင်းအတွက် ခက်ခဲမှုတွေ ရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီအာရေဗျ ယူ၂၃ အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာကြောင့် မြန်မာအသင်းအနေနဲ့ ရလဒ်ကောင်းရအောင် စွမ်းဆောင် နိုင်မလား ဆိုတာတော့ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ်။   

Source: MFF