ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေလှူဒါန်း
ခရမ်း၊ သြဂုတ် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ဘိုကလေးကျေးရွာတွင် ထူးကဲ ဒီရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ပြည်သူများအား ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထောက်ပံ့ငွေများ ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ယာယီကယ်ဆယ်ရေးစခန်းရှိရာ ဘိုကလေးကျေးရွာ ဆိုက်ကလုံးရှပ်တာ အဆောက်အအုံတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလှူငွေကျပ် သုံးသိန်းကို မြို့နယ်အတွင်းရေးမှူး ဦးဝင်းရွှေနှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။
ကိုမင်း(ခရမ်း)