မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေဘးသင့်ပြည်သူများထံသို့ ထမင်းဗူးများသွားရောက်လှူဒါန်း
မော်လမြိုင်၊ သြဂုတ် ၁၄
မော်လမြိုင်မြို့နယ် လှိုင်နယ်မြေအတွင်းရှိ ရေဘေးသင့်စခန်း ၃ ခုရှိ ရေဘေးသင့်ပြည်သူများထံသို့ ထမင်းဗူးများအား မော်လမြိုင်ပြည်ခိုင်ဖြိုးပါတီနှင့် Green 9 လူငယ်များမှ ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ရေသင့်ပြည်သူများထံသို့ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင် ဦးဆောင်လျှက် ခရိုင် မြို့နယ်ကော်မတီဝင်များ၊ green 9 ပရဟိတလူငယ်တို့ ပူးပေါင်းကာ ထမင်းဗူး ၄၀၀ ကျော် သွားရောက်လှူဒါန်းခဲ့သည်။