မအူပင်ဘိုးဘွားရိပ်သာ ဝါဆိုသင်္ကန်းကပ်လှူပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါဝင်လှူဒါန်း

 

မအူပင် သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် မြို့ ရှောင်လမ်းတွင် ဖွင့်လှစ်ထားရှိ သော မအူပင်ဘိုးဘွားရိပ်သာ၏ သတ္တမအကြိမ်မြောက် ဝါဆို သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက မအူပင်မြို့ ဘိုးဘွားရိပ်သာဓမ္မာရုံတွင် ကျင်းပ ခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှလည်းသင်္ကန်းပါဝင်ကပ်လှူ ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမ ဟာသဒ္ဓမ္မဇောတိကဓဇ၊နိုင်ငံတော် သြဝါဒါစရိယသက်တော်ရှည် သာ သနဓဇ(သိုက်ကုန်း)ဆရာတော်ကြီး ထံမှငါးပါးသီလခံယူပြီးသံဃာတော် အရှင်သူမြတ်များထံမှပရိတ်တရား တော်မြတ်များ နာကြားကြည်ညို ခြင်း၊ြ<ွကရောက်တော်မူလာကြ ကုန်သော သံဃာတော် အရှင်သူ မြတ်အပါး ၃ဝအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ဝတ္ထုအစုစုဆက်ကပ် လှူဒါန်းခြင်း၊ဘိုးဘွားရိပ်သာစောင့် ရှောက်ရေးကော်မတီဥက္ကဋ္ဌဦးစိုးဝင်း က အဘိုးအဘွား ၅ဝ တို့အား စောင့်ရှောက်မှုအခြေအနေနှင့်ကော် မတီ၏ဆောင်ရွက်မှုအစီအစဉ်များ အား ရှင်းလင်းလျှောက်ထားခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် သိုက် ကုန်းဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်း၊ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍အခမ်း အနားရုပ်သိမ်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဘိုးဘွားရိပ် သာစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင် များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)