၂၀၂၁ ခုနှစ်အထိ စပယ်လက်တီ ကို စာချုပ်သစ်ထပ်ချုပ်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ နည်းပြ စပယ်လက်တီကို ၂၀၂၁ ခုနှစ်အထိရှိမယ့် ၃ နှစ်စာချုပ် နဲ့ သက်တမ်း တိုးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာ စပယ်လက်တီရဲ့လက်အောက်မှာ အကောင်းဆုံး ပုံစံရခဲ့ပြီး ရာသီနောက်ဆုံးပွဲစဉ်မှာ လာဇီယိုကို အနိုင်ရပြီးချန်ပီယံလိဂ်ကစားခွင့်ကို ရရှိခဲ့ပါတယ်။

စပယ်လက်တီရဲ့ စွမ်းဆောင်နိုင်မှုတွေကြောင့် အင်တာမီလန်ဟာ နွေရာသီအပြောင်းအရွေ့မှာ နိုင်ဂိုလန်၊ မာတီနက်ဇ်၊ ဒီဘရစ်ခ်ျ၊ ဗာဆယ်ကိုနဲ့ ကီတာ တို့လို ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပါတယ်။ စပယ်လက်တီက စာချုပ်သက်တမ်းတိုးရန် အလျင်မလိုကြောင်း ပြောဆိုထားသော်လည်း၂၀၂၁ ခုနှစ်အထိရှိမယ့် စာချုပ်သစ်ကိုတော့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခြားသတင်းတစ်ပုဒ်မှာတော့ အင်တာမီလန်ဟာ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူဖို့အတွက် လက်မလျော့ သေးကြောင်း သိရပါတယ်။

90Minutes