မီတာ ၁၀၀ ပြေးပွဲတွင် ဗြိတိန်အပြေးမယ် စံချိန်သစ်တင်ပြီး ချန်ပီယံဆု ရရှိ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗြိတိန်အပြေးမယ် အက်ရှာစမစ်က စံချိန်သစ်တင်ပြီး ချန်ပီယံဆုရသွားပါတယ်။

အက်ရှာစမစ်ဟာ ဗြိတိန်စံချိန်အဖြစ် မီတာ ၁၀၀ ကို ၁၀.၉၂ စက္ကန့်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ၁၀.၈၅ စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲမှာလည်း ဗြိတိန်က ဇာနယ်ဟုခ်ျက ၉.၉၅ စက္ကန့်နဲ့ ချန်ပီယံဆုရယူခဲ့သလို ဒုတိယဆုကိုလည်း ဗြိတိန်ကပဲ ပရက်စ်ကော့က ရယူနိုင်ခဲ့ပါတယ်။

ဘာလင်မှာ ကျင်းပနေတဲ့ ဥရောချန်ပီယံရှစ်အားကစားပြိုင်ပွဲမှာ အားကစားနည်း စုစုပေါင်း ၇ မျိုး ထည့်သွင်းကျင်းပတာပါ။

နိုင်ငံပေါင်း ၅၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်နေပြီး လက်ရှိအချိန်အထိ ရုရှားက ရွှေအခု ၂၀၊ ဗြိတိန်က ၁၄ ခု၊ အီတလီက ၈ ခုနဲ့ ထိပ်ဆုံးသုံးနေရာမှာ ရပ်တည်နေပါတယ်။

DVB