ထိုင်းလက်ဝှေ့ကျော် အိကျူစံကို စိုးလင်းဦးအလဲထိုး
မြန်မာ-ထိုင်း ရိုး ရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာ့ လက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့ကျော် အိကျူစံကို သုံးချီမြောက်၌ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
သြဂုတ် ၅ ရက်က ရန်ကုန် မြို့ သိမ်ဖြူအားကစားရုံ၌ ကျင်း ပသည့် ပွဲသည် အကြိတ်အနယ်ရှိ ပြီး ပထမအချီတွင် နှစ်ဦးစလုံးက လက်သီးချက်၊ ခြေကန်ချက်များ ဖြင့် အမှားစောင့်၍ ထိုးသတ်ခဲ့သည်။ ဒုတိယအချီတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး စိုးလင်းဦး၏ လက်သီးချက်များကြောင့် အိကျူစံ အထိနာကာ အနားတောင်းခဲ့ရသည်။ တတိယအချီတွင် စိုးလင်းဦးက ပိုမိုဖိအားပေး ထိုးသတ်နိုင်ပြီး ပင့်လက်သီးဖြင့် အိကျူစံကို အလဲထိုးကာ အနိုင်ရခဲ့သည်။
‘‘အိကျူစံကို အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ ပွဲမတိုင်ခင်ကတည်းက အလဲထိုး နဲ့ နိုင်ဖို့ Game Plan ချထားခဲ့တာပါ။ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း နိုင်ငံတကာ လက်ဝှေ့သမားတွေနဲ့ စိန်ခေါ်ပွဲတွေ ထိုးသတ်ဖို့ စီစဉ်ထားပါတယ်’’ဟု စိုးလင်းဦးက ဆိုသည်။
မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးသည် ပြည်ပလက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် တစ်ပွဲသာ ရှုံးနိမ့်ထားပြီး ယခုပွဲစဉ် အပါအဝင် ကျန်ပွဲစဉ်များ၌ သရေနှင့်အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။
Source: 7Days