ရေဘေးသင့်အိမ်ထောင်စု ၄၈ စုကို သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆန် ဆီ ခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်း

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၅) ရပ်ကွက် ဦးလူလေး လမ်းတွင် နေထိုင်ကြသည့် ရေဘေးသင့်ခံရသော အိမ်ထောင်စု ၄၈ စုတို့၏ မိသားစုများထံ ယမန်နေ့နံနက် ၉ နာရီက စတင်၍ ကွင်းဆင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းလှူဒါန်းရာတွင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုနှင့် မြို့နယ် ကော်မတီဝင်များ၊ မြို့နယ်ပါတီ လူငယ်အဖွဲ့ခေါင်းဆောင်နှင့် လူငယ်အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့် ပါတီဝင်များက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များကို တစ်အိမ်တက်ဆင်း လိုက်လံလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)