ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဗိုလ်တထောင်မြို့နယ်တွင် Youth Day ကျင်းပ

ရန်ကုန်၊ သြဂုတ် ၅

ဗိုလ်တထောင်မြို့နယ် လူငယ် (Youth Day) ကို အမှတ် (၉) ရပ်ကွက် ၄၅ လမ်းအောက်လမ်းရှိ အမက (၆) ဗိုလ်တထောင်ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပြီး ၄င်းစုပေါင်း သန့်ရှင်းရေးပြုလုပ်ပွဲသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီလူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးရန်အောင်၊ အတွင်းရေးမှူး ဦးထင်ဝင်း၊ လူငယ်တာဝန်ခံ ဦးထွန်းထွန်းဇော်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်တာဝန်ခံအဖွဲ့များ၊ အမက (၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် ဆရာဆရာမများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။