ရှမ်းမြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အောင်မြေလီဆူးကျေးရွာ (အ.မ.က) ကျောင်း ကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

 

၁.၈.၂၀၁၈ ရက်နေ့ ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပါတီဥက္ကဌ. ​ဒေါ်နန်းခင်​မြင့်ဌေးနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​ (၁၂) ဦး အဖွဲ့သည်​ ​နေ့လည်​ (၁) နာရီတွင်​ သစ်​ဆိမ့်ကုန်းအုပ်​စု ​အောင်​​မြေလီဆူး​ကျေးရွာ (အ.မ.က) ​ကျောင်းသို့ သွား​ရောက်​ပြီး ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့် အဖွဲ့ဝင်​များ၊ ​ကျေးရွာပါတီဥက္ကဌတို့နှင့် တွေ့ဆုံ​၍ ​ကျေးရွာအတွက်​ လိုအပ်​ချက်​များ ​မေးမြန်း​ဆွေး​နွေးခဲ့ကြပြီး ​ကျောင်းသား/သူ (၆၆)ဦးတို့အား ​ကျောင်းသုံးဗလာစာအုပ်​များ ခဲတံများ ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။ ဆက်​လက်​၍ ​ကျောင်းအုပ်​ဆရာမကြီးနှင့် ဆရာ/မ များနှင့်လည်း ​တွေ့ဆုံ​၍ ​ကျောင်းအတွက်​ လိုအပ်​ချက်​များ ​မေးမြန်းခဲ့ကြပြီး စား​သောက်​ဖွယ်​ရာများ လှူဒါန်းခဲ့​ကြပါသည်။

credit >>> ခင်မိုးမိတ်