တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဌနှင့်အဖွဲ့ အေးချမ်းသာဘုန်းကြီးကျောင်း မြေထိန်းနံရံပြိုကျရာသို့ လိုအပ်သည်များ သွားရောက်ကူညီဆောင်ရွက်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ခရိုင်​ဥက္ကဌ ဦးဘိုစံနှင့် ခရိုင်​​ကော်​မတီဝင်​ ဦးခင်​​မောင်​ထွန်း၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ လူငယ်​များသည်​ (၂၉.၇.၂၀၁၈) ​နေ့တွင်​ တာချီလိတ်​မြို့၊ ဝမ်​လုံ​ကျေးရွာအုပ်​စုရှိ မင်းဓမ္မ​တောင်​၊​ အေးချမ်းသာဘုန်းကြီး​ကျောင်း ​မြေထိန်းနရံပြိုကျရာသို့ သွား​ရောက်​ခဲ့ပြီး မြို့နယ်​မီးသတ်​တပ်​ဖွဲ့များ၊​ ရွှေတာချီလူမူကူညီ​ရေးအသင်းဝင်​များ၊ တာချီလိတ်​သာ​ရေးနာ​ရေးအသင်းဝင်​များနှင့် အတူ လိုအပ်​သည်​များ ဝိုင်းဝန်းကူညီ​ဆောင်​ရွက်​​ပေးခဲ့ကြ​ကြောင်း သိရှိရပါသည်​။