ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ် အချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းစုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးမြောက်ခဲ့သည်။