ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်း
ဘီးလင်း၊ ဇူလိုင်-၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီတွင် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ဘီးလင်းမြို့တပ်ဦးကျောင်းတိုက် ဆရာတော်အရှင်ဝိမလ အမှူးပြုသောဆရာတော်အရှင်သူမြတ်(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ပာတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်၊ မြို့နယ်ဥက္ကဋ္ဌဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေ့ဦးစွာ နမောတဿသုံးကြိမ်ရွက်ဆိုပြီးဆရာတော်သံဃာတော်များအား ရှိခိုးကန်တော့ကာ တပ်ဦးကျောင်းတိုက်ဆရာတော် အရှင်ဝိမလ ထံမှာ ငါးပါးသီလခံယူကြပြီး ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်နှင့်လှူဖွယ်ဝတ္တူများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။