ဒူတာတေး ထံ တင်ပြလိုက်တဲ့ ဖိလစ်ပိုင် အခြေခံဥပဒေသစ် မူကြမ်း

ဖိလစ်ပိုင် သမ္မတ ဒူတာတေး ထံ တင်ပြလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းဟာ ဒူတာတေး ကို အာဏာအသစ်တွေ အပ်နှင်းလိုက်တဲ့အပြင် နောက်ထပ် ၈ နှစ်အထိ သမ္မတ အဖြစ် ဆက်ရှိနေနိုင်မှာဖြစ်တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

လက်ရှိ ဥပဒေအရ ဒူတာတေးဟာ သူ့ရဲ့ သမ္မတ သက်တမ်း ၆ နှစ်ပြည့်မယ့် ၂၀၂၂ ခုနှစ်မှာ ရာထူးက အနားယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းအရ လေးနှစ် သက်တမ်း နှစ်ကြိမ် ထပ်မံ ဆောင်ရွက်ခွင့် ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီမူကြမ်းကို အတည်ပြုနိုင်ဖို့ လွှတ်တော်တွင်း အငြင်းအခုန်တွေနဲ့ လူထုဆန္ဒခံယူပွဲတွေကို ဖြတ်သန်း ရဦးမှာ ဖြစ်ပါတယ်။

ကနဦး လူထုသဘောထား ကောက်ခံခဲ့ရာမှာ အခြေခံဥပဒေသစ်ကို ထောက်ခံသူ ၃၇ ရာနှုန်း၊ ကန့်ကွက်သူ ၂၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

-Ref; RFA