အမရပူရမြို့နယ် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပုံမှန်​အစည်းအ​ဝေးအား (၉.၇.၂၀၁၈)ရက်​​နေ့ နံနက်​(၉)နာရီတွင်​ မြို့နယ်​ပါတီရုံး၌ကျင်းပပြုလုပ်​ရာ မြို့နယ်​ပါတီအတွင်း​ရေးမှူး​ဒေါ်​စောမြိုင်​နှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌများတက်​​ရောက်​ခဲ့ကြပါသည်​။ အဆိုပါအစည်းအ​ဝေးတွင်​ ပါတီဝင်​အင်​အားတိုးတက်​​ရေးကိစ္စ၊ နယ်​​မြေကွင်းဆင်း​ရေးကိစ္စ၊ ပြည်​သူ့ကျိုးပြုလုပ်​ငန်းများ​ဆောင်​ရွက်​နိုင်​​ရေးကိစ္စနှင့်​ လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများအား ​ဆွေး​နွေးခဲ့ကြပါသည်​။