ပေါ်လင်ဟို ကိုဂွမ်ဇူးအသင်း အငှားနဲ့ ပြန်ခေါ်
တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ပေါ်လင်ဟိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြန်ခေါ်လိုက်ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့ ပေါ်လင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကို ရောက်ရှိလာပြီး လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတို့ကို ရခဲ့လို့ အောင်မြင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမယ့် အသင်းဟောင်းကို ပြန်ပြီးပြောင်းရွှေ့သွားတာဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဟောင်း ကန်နဗာရိုနည်းပြနေတဲ့ ဂွမ်ဇူးအသင်းဟာ ပေါ်လင်ဟိုကို ကနဦးသဘောတူညီချက်အရ အငှားနဲ့သာ ခေါ်ထားပေမယ့် စူပါလိဂ် ရာသီကုန်ချိန်မှာ ပေါင် ၄၄.၂ သန်းနဲ့ အပြီးပြတ်ခေါ်ယူမယ်လို့ သိရပါတယ်။
90Minutes