ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီအောင်ပွဲရရှေ့တန်းပြန် တပ်မတော်သား များအား သွားရောက်ကြိုဆို

 

ပဲခူး ဇူလိုင် ၃

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင် သော မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များသည် ယမန် နေ့ မွန်းလွဲ ၂ နာရီက ဘုရားကြီးမြို့ ဘောနတ်ကြီးကျေးရွာ အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ ရှေ့တန်းစစ်မြေပြင်တွင် အောင်ပွဲရပြီး ပြန်လာသော တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် ကမ်းလှမ်းကြိုဆိုခြင်း၊ ရေသန့်ဘူးများကမ်းပေးခြင်းတို့ဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ တပ်မတော်မိသားစုဝင်များနှင့်အတူ နွေးထွေးလှိုက်လှဲစွာ သွားရောက် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)