ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးရဲ့ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်/ကျေးရွာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲမှာ ပါတီဝင်များနှင့် ပါတီမျိုးဆက်သစ် သီဟသွေးတို့အတွက် တိုက်တွန်း မှာကြားချက်

 

ပါတီလူငယ်များကို သီဟ (ပါတီ) ရဲ့မျိုးဆက်အဖြစ် သီဟသွေးလို့ အမည်ပေးထားတယ်။ သီဟသွေးတို့ရဲ့အရည်အချင်းကို အကဲခတ်ချင်တယ်။ ပြည်သူ့အတွက် နိုင်ငံအတွက် သီဟသွေးတို့ ပြောရဲ ဆိုရဲဘယ်လောက်ရှိသလဲ?
သီဟသွေးတို့ ဘယ်လောက်သစ္စာရှိသလဲ? သီဟသွေးတို့ ဘယ်လောက်ဝမ်းစာ(အရည်အချင်း)ရှိသလဲ-? သီဟသွေးတို့ဘက်လောက် တက်တက်ကြွကြွရှိသလဲ? သီဟသွေးတို့ လုပ်ဆောင်မှုအပေါ်မူတည်တယ်.။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ပါတီအတွက် သီဟသွေးတို့ကို အားကိုးယုံကြည်စွာနဲ့ေ မျှာ်လင့်ချက်ကြီးစွာနဲ့ တာဝန်ပေးလိုက်တယ်။ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ပါတီအတွက် သီဟသွေးတို့က မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲဆိုရင် ရီစရာဖြစ်သွားမယ်။
ဒီလိုမဖြစ်အောင် သီဟသွေးတို့ ကြိုးစားကြပါ။ နိုင်ငံတော်နှင့် ပြည်သူအတွက် ပါတီဝင်အားလုံးက ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါဟု ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်၊ရပ်ကွက်/ကျေးရွာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ရေးသားတင်ပြသူ
ဦးသိန်းထွန်းဦး
ပြည်ခိုင်ဖြိုးပါတီ..။