ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

 

၂၉.၆.၂၀၁၈ ရက်နေ့ သောကြာနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်ရုံးခွဲတွင်ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးဦးဆောင်၍ ပြောရေးဆိုခွင့်ရှိသဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့မှ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲအား ပြလုပ်ခဲ့ပါသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအား နံနက် ၁၀ နာရီအချိန်တွင် စတင်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားရေးမဏ္ဍိုင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အချက်များအား ရှင်းလင်းပြီး တက်ရောက်လာသည့် သတင်းမီဒီယာများမှ မေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့ကာ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

#ပြည်သူ့ဆက်ဆံရေး