ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အလံနှင့်ဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ခရိုင်ပါတီ ကော်မတီများသို့ ပြည်ခိုင်ဖြိုးဝတ်စုံနှင့် ပါတီအလံပေးအပ်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးက ခရိုင်လေးခရိုင်မှ ပါတီ ဥက္ကဋ္ဌများထံ ပါတီအလံသစ်နှင့် ပါတီဝတ်စုံများကို ပေးအပ်သည်။ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးက အမှာ စကားပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌ များမှ လုပ်ငန်းဆောင်ရွက်မှုများတင်ပြကြရာ တိုင်းပါတီမှ ရေးရာ အလိုက်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)