ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမျိုးရေးခွဲခြားခံရပါက အင်္ဂလန်ကစားသမားများကွင်းထဲမှ ထွက်ခွာမည်မဟုတ်
အင်္ဂလန်နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားဆဲဆိုခံရပါကလည်း အင်္ဂလန်ကစားသမား တွေဟာ ကွင်းထဲကနေထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
စပါးနောက်ခံလူ ဒန်နီရို့စ်က လူမျိုးရေးခွဲခြားခံရမှာ စိုးရိမ်တဲ့အတွက် သူ့မိသားစုတွေ ရုရှားကို မသွားဖို့ တိုက်တွန်းထားပါတယ်။ ဒန်နီရို့စ်ဟာ ၂၀၁၂ က ဆားဘီးယားမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ကစားစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရဖူးပါတယ်။
လက်ရှိမှာလည်း ရုရှားဟာ မတ်လကကစားခဲ့တဲ့ခြေစမ်းပွဲမှာ ပြင်သစ်ကစားသမားတွေကို အသင်းပရိတ်သတ် တွေလူမျိုးရေးခွဲခြားခဲ့လို့ ပေါင် (၂၂၀၀၀)ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အင်္ဂလန်အသင်း ဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူမျိုးရေးခွဲခြား ခံရဖွယ်ရှိတဲ့ အလားအလာနဲ့ပတ်သက်ပြီး အခုတစ်ပတ်အစောပိုင်းမှာ ကစားသမားတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်က “လူအချို့က လူမျိုးရေးခွဲခြားခံရမယ်ဆိုရင် ကျွန်တော်တို့ကွင်းထဲကနေ ထွက်ခွာ သင့်တယ်လို့ ပြောနေကြပါတယ်။ အမှန်တကယ်ဖြစ်သင့်တာက လူမျိုးရေး ခွဲခြားတဲ့ သူတွေကို ပြိုင်ပွဲကနေ ထုတ်ပစ်ရမှာပါ။ ကစားသမားတွေက ကွင်းထဲကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားတွေဟာ သူတို့ရဲ့ဘ၀တစ်ခုလုံးမှာ ကြိုးစားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်နည်းပြဆောက်ဂိတ်က ရုရှားကို မိသားစု မသွားဖို့ ဒန်နီရို့စ်ဘာကြောင့် တိုက်တွန်းခဲ့ရလဲဆိုတာကို နားလည်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
-Ref; Sky sports