ဗဟိုလူငယ်ညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် ဗန်းမော်ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ စေတီတော်တည်ဆောက်ရေး လုပ်အားဒါနပြု

ဗန်းမော်၊ မေ ၁၇

ဗဟိုညီလာခံ ကြိုဆိုထောက်ခံသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ဗန်းမော်ခရိုင်နှင့် ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်ပါတီများမှ မန်စီမြို့နယ် ဟန်ထက်ကျေးရွာ ဦးထွန်းထွန်းနှင့်ဇနီး မိသားစုတို့မှ လှူဒါန်းတည်ဆောက်လျက်ရှိသော မနော်ဟရီရွှေစေတီ ကွန်ကရစ်လောင်းခြင်းလုပ်ငန်း လုပ်အား ဒါနပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ ပြုလုပ်ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်းနှင့် ကော်မတီဝင်များ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်များမှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ စုစုပေါင်း ၈ဝ တက်ရောက်၍ လုပ်အားဒါနပြုခဲ့ကြသည်။ စေတီတော် တည်ဆောက်ရေးအတွက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက အလှူငွေ ကျပ်တစ်သိန်း ပေးအပ် လှူဒါန်းခဲ့ရာ စေတီဂေါပကအဖွဲ့ဝင် ဦးဥာဏ်သိန်းက လက်ခံယူခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ