တရားရိပ်သာကျောင်းဆောက်လုပ်ရန် ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင်မိသားစုမှ ကျပ်သိန်း ၁ဝဝလှူဒါန်း

 

ဆိတ်ဖြူ မေ ၁၅

ဆိပ်ဖြူမြို့နယ် လက်ဆည်ကျေးရွာ ဆရာတော်ဦးသုဂန္ဒကျောင်း တွင် တရားရိပ်သာဆောက်လုပ်ရန်အတွက် ဝါဇီမြို့သစ်တိုက်ကျောင်း ဆရာတော်ကြီးအားအမှူးထား၍ ဦးလှဆောင်မိသားစုမှ တရားရိပ်သာ ကျောင်းဆောက်လုပ်ရန်အတွက် ကျပ်သိန်း ၁ဝဝ လှူဒါန်းမည် ဖြစ်ရာ ပထမအရစ်အနေဖြင့် ငွေကျပ် ၂၅သိန်းအား လက်ဆည်ဆရာ တော်ဦးသုဂန္ဒအား ဆိပ်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဆောင် မှ လှူဒါန်းခဲ့သည်။

အဆိုပါအလှူငွေပေးအပ်ပွဲသို့ မြို့နယ်ကော်မတီဝင် ဦးမျိုးကွန့်၊ အရန်ကော်မတီဝင်ဦးပိုက်အေး၊ လက်ဆည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

လေးမောင်(ဆိပ်ဖြူ)