အင်ဒိုနီးရှားတွင် ခရစ်ယာန်ဘုရားကျောင်းသုံးခု၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီး လူကိုးဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာဒေသရှိ ခရစ်ယာန်ဘုရားကျောင်း ပေါက်ကွဲမှုအတွင်း မီးလောင်သွားသော ဆိုင်ကယ်များကို တွေ့ရစဉ် (reuters)

 

အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၌ တနင်္ဂနွေနေ့တွင် အသေခံ ဗုံးခွဲသမားများက ခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုကို တိုက်ခိုက်ရာ လူကိုးဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပြီး မကြာသေးမီက နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ဘုရားကျောင်း သုံးခုတွင် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရသူ ၄၀ ခန့်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးသူ ထပ်တိုးလာနိုင်ကြောင်း အရှေ့ဂျာဗားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖရန့်စ်ဘာရန်မန်ဂီရာက ပြောကြားသည်။

အဆိုပါ အသေခံဗုံးခွဲတိုက် ခိုက်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့ကမျှ တာဝန်ယူပြောကြားခြင်း မရှိသေး သော်လည်း အင်ဒိုနီးရှားထောက်လှမ်းရေး လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး  ဝါဝန် ပူဝန်တိုက ယင်းတိုက်ခိုက်မှု ၏ နောက်ကွယ်တွင် အိုင်အက်စ်အဖွဲ့ကို အားကျသော Jemaah Ansharut Daulah အဖွဲ့ရှိသည် ဟု ယူဆရ ကြောင်း ပြောသည်။

ယင်းအဖွဲ့သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်သည့် အကြမ်းဖက်စာရင်း ဝင်ဖြစ်သည်။

အဆိုပါ ဘုရားရှိခိုးကျောင်းများ တိုက်ခိုက်ခံရမှုက အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သည့် အပြန်အလှန် ပစ်ခတ်မှုနှင့် ဆက်စပ်မည်ဟု ယူဆကြောင်း ဝါဝန်ပူဝန်တိုက ပြောသည်။

မကြာသေးမီနှစ်များအတွင်း အစ္စလာမ်မစ်လှုပ်ရှားမှုများ ပေါက်ပေါက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၁၆ ဇန်နဝါရီက ဂျကာတာမြို့ ဈေးဝယ်ဧရိယာတစ်ခုတွင် အသေခံဗုံးခွဲသမားလေးဦးနှင့် သေနတ်သမားများ တိုက်ခိုက်မှုက အဆိုးရွားဆုံးဖြစ်ပြီး ခရစ် ယာန်ဘုရားရှိခိုကျောင်းများသည် မကြာခဏ ပစ်မှတ်ထားတိုက် ခိုက်ခံနေရသည်။

တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲ မှုများကြောင့် ဆူရာဘာယာမြို့ရှိ ဘုရားရှိခိုးကျောင်းအားလုံး ယာယီပိတ်ထားရန် ရဲတပ်ဖွဲ့က ညွှန် ကြားပြီး ထိုမြို့တွင်ကျင်းပမည့် အစားအသောက်ပွဲတော်တစ်ခု ဖျက်သိမ်းခဲ့ရသည်။

—Ref: Reuters