Google Pixel စမတ်နာရီကို Pixel 3 ဟန်းဆက်နဲ့အတူ တွေ့မြင်ရဖွယ်ရှိ

 

မကြာသေးခင်က Android Wear အမည်ကို ပြောင်းလဲခဲ့တဲ့ Google ဟာ Wear OS သုံးထားတဲ့ ကိုယ်ပိုင် ထုတ်ကုန် တစ်ခုကို နှစ်ကုန်ပိုင်းမှာကျင်းပမယ့် hardware event မှာ မိတ်ဆက် သွားဖွယ်ရှိပါတယ်။

နာမည်ကျော် leakster ဖြစ်တဲ့ Evan Blass ရဲ့အဆိုအရ Google ရဲ့ Pixel စမတ်နာရီကို Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းအပြင် ဒုတိယမျိုးဆက် Pixel Buds နဲ့အတူ တွေ့မြင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ဟာ hardware event ကို အရင်နှစ်နှစ်က အောက်တိုဘာလအတွင်းမှာပဲ ကျင်းပခဲ့တာကြောင့် Pixel 3 ကိုလည်း အောက်တိုဘာလမှာ တွေ့မြင်ရဖို့ရှိပါတယ်။

-နောင်နောင်
Ref: GSMArena