လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ မိုးညှင်းမြို့နယ်၌ကျင်းပ
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ လူငယ် ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကို မိုးညှင်းမြို့နယ်ပါတီရုံးခန်းမ၌ယမန် နေ့နံနက် ၁ဝ နာရီတွင် ကျင်းပ ခဲ့သည်။ ရှေးဦးစွာ နိုင်ငံတော်အလံ အားအလေးပြုပြီး နိုင်ငံတော် သီချင်းသီဆိုကြကာ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလမိုင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပါတီကော်မတီဝင်ဦးမြင့်သန်း က မိုးညှင်းမြို့နယ်လူငယ်တွေ့ဆုံပွဲ ကျင်းပမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပါတီဝင်လူငယ် များက နိုင်ငံရေးနှင့်စည်းရုံးရေး ကဏ္ဍကို ဆွေးနွေးတင်ပြကြပြီး လူငယ်လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် လူငယ်ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ခြင်းတို့ကို ဆောင်ရွက် ကြသည်။ ထို့နောက် လူငယ်လှုပ် ရှားမှုအဖွဲ့ခုနစ်ဖွဲ့၏ ဆွေးနွေးတွေ့ရှိ ချက်များကိုစုစည်း၍ လူငယ်ကိုယ် စားလှယ်တစ်ဦးက ဆွေးနွေးတင် ပြခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ပါတီဝင်လူငယ်များက ပြည်ခိုင်ဖြိုး သီချင်း စုပေါင်းသီဆိုကာ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ သည်။
အင်းသားကြီး