ဗြိတိန် ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်
ဧပြီ ၃၀
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအရေး အရှုပ်တော်ပုံကိစ္စတစ်ခုနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် ယခုအခါ ဗြိတိန် ပြည်ထဲရေးဝန်ကြီး အမ်ဘာ ရုဒ် ဧပြီ ၂၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားပြီ ဖြစ်သည်။
ဗြိတိန်နိုင်ငံတွင်းကနေ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ရေး ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် လွဲမှားစွာ ထွက်ဆိုခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမ်ဘာ ရုဒ် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
” ပြည်ထဲရေးဝန်ကြီးရဲ့နှုတ်ထွက်စာကို ဒီနေ့ညမှာပဲ ၀န်ကြီးချုပ်က လက်ခံလိုက်ပါပြီ” ဆိုပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်ရန် အမ်ဘာ ရုဒ်၏ ဆုံးဖြတ်ချက်ကြောင့် ကွန်ဆာတေးဗစ် ခေါင်းဆောင် မေအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။
ဗြိတိန်ကနေ နေရပ်ပြန်ပို့မည့် တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အရေအတွက်နှင့်ပတ်သက်၍ မည်သည့် သတ်မှတ်ချက်မှ ၀န်ကြီးဌာနဘက်က သတ်မှတ်ထားခြင်းမရှိဟု ရုဒ်က ပါလီမန်တွင်ထွက်ဆိုထားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတ်မှတ်ချက် စာရင်းများ ရှိနေသည် ဆိုသည့်ကိစ္စကိုလည်း သူမဘက်က လုံ့ဝ မသိရှိပါဟု တွင်တွင် ငြင်းဆိုပြောဆိုနေခဲ့သော်လည်း သူမတို့ ၀န်ကြီးဌာနဘက်က အဆိုပါ သတ်မှတ်ချက်စာရင်းများ ထားရှိပြီးဖြစ်သည် ဆိုသည့် အထောက်အထားများ ပိုမိုပေါ်လွင်ခိုင်မာလာမှုကြောင့် ယခုကဲ့သို့ သူမ၏ ရာထူးနေရာကို ပိုမိုလှုပ်ရမ်းစေခဲ့ခြင်းလည်း ဖြစ်သည်။
-Ref; AFP