မတ္တရာမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပ
၂၀၁၈ခုနှစ် ဧပြီလ(၂၅) ရက်နေ့နံနက် ၉း၂၅ အချိန်မှာ မတ္တရာမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့မန္တလေးတိုင်းဒေသကြီး တိုင်းကော်မတီဝင် ပြင်ဦးလွင်ခရိုင် နယ်မြေတာဝန်ခံ ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်၊ ခရိုင်ကော်မတီဝင် ဦးလင်းအောင်၊ ခရိုင်ကော်မတီဝင်မြို့နယ်တာဝန်ခံ ဦးတင်ကိုကို၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဦးကိုလေး၊ ဦးအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှမြင့်၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီလူငယ်အမျိုးသား/အမျိုးသမီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်းအား (၁၇၅) ခန့် တက်ရောက်ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ဆက်လတ်၍ မြို့နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့် လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားပါသည်။
ဆက်လတ်၍ လူငယ်ရွေးချယ်ရေးကော်အရှင်အဖွဲ့အား အမည်စာရင်းကြေငြာ၍ နေရာယူပြီး ခရိုင်ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးတင်ကိုကိုမှ ရွေးချယ်ပုံစည်းမျဉ်းစည်းကမ်းများ ဖတ်ကြားရှင်းလင်းပြောကြားပြီး ရွေးချယ်ရေးကော်မရှင်အဖွဲ့မှ လူငယ်များအား အဖွဲ့ (၇) ဖွဲ့ခွဲ၍ ပေးအပ်ထားသောခေါင်းစဉ်အတိုင်းနိုင်ငံရေးဆွေးနွေးခဲ့ပါသည်။ ဆက်လတ်၍ ရွေးချယ်ရေးကော်မရှင်မှ အမည်စာရင်းတင်သွင်းလာသော လူငယ်အစု (၁) ဖွဲ့လျင် ပ/ဒုခေါင်းဆောင်များအားတက်ရောက်လာသောလူငယ်များမှ ဆန္ဒပြုရွေးချယ်ပြီး ကော်မရှင်မှ ရွေးချယ်ခံရသောလူငယ်များကို တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲမှ တွေ့ရှိချက်စားတမ်းနှင့် NVC နိုင်ငံသားကဒ်ကိုင်ဆောင်မှု ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားကို ဦးနန်းဝင်းထွေးဖတ်ကြားရှင်းလင်းပြီး စည်းရုံးရေးကဏ္ဍဆွေးနွေးပွဲမှ တွေ့ရှိချက်များကို ဦးကျော်စွာဝင်းမှ ဖတ်ကြားရှင်းလင်းခဲ့ပါသည်။
အခမ်းအနားကို မြို့နယ်ပါတီဥက္ကဋ္ဌဦးလှမြင့်မှ နိဂုန်ချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသောလူငယ်များမှ တို့ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး (၁၅း၀၀) အချိန်တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
Credit