မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသ ကြီးပါတီကော်မတီနှင့် မင်းဘူးမြို့ နယ်ပါတီကော်မတီတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် မင်းဘူးမြို့နယ် ပါတီရုံး၌ပြုလုပ်ခဲ့ရာ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီလုပ်ငန်းစိစစ် ရေးတာဝန်ခံ ဦးစောဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်သူဦး၊ မင်းဘူးခရိုင်ပါတီ အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မင်း ဘူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော် ဝင်းမြင့်၊အတွင်းရေးမှူးဒေါ်စပယ် မင်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေး တွင် မျက်မှောက်နိုင်ငံရေးအခြေ အနေများ၊ ပါတီလုပ်ငန်းစဉ်များ အား ညှိနှိုင်းဆွေးနွေးကြကာ ရုံး လုပ်ငန်းဆိုင်ရာများအား စိစစ်တည့် မတ်ပေးခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များက ပြန်လည် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

နွယ်နီနိုင်(ချောက်)