မော်လမြိုင်ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ယနေ့ ဧပြီ(၆)ရက်နေ့ နေ့လည် (၁၁) နာရီချိန်တွင် မော်လမြိုင်ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည် ကိစ္စရပ်များအား ချပြဆွေးနွေးခဲ့သည်။
ယင်းနောက် ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်မှ မြို့နယ်ပါတီ၏ ဆောင်ရွက်ထားမှုများနှင့် ပါတီအောင်နိုင်ရေးအတွက် စည်းစည်းလုံးလုံး စုစုစည်းစည်း ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကာ တက်ရောက်လာကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ မွန်းလွဲ(၁၂း၃၀) နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။