ဝက်စ်ဟမ်းနှင့် သရေကျခဲ့သော ပွဲအပြီးတွင် ကစားသမားများကို ကွန်တီ စိတ်ပျက်နေ
ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ကွန်တီက အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ကစားသမားတွေအား ပြောဆိုရတာကို ငြီးငွေ့လာပြီလို့ ပြောကြားခဲ့ပါတယ်။
အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာကလည်း ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ထိခိုက်ဖွယ် ရှိတယ်လို့လည်း ကွန်တီက ဆိုပါတယ်။
ချဲလ်ဆီးဟာ ၂၀၁၈မှာ ပရီးမီးယားလိဂ်(၃)ပွဲသာ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ပွဲ(၂၀)မှာလည်း (၇)ပွဲ အနိုင်ရရှိခဲ့ပါတယ်။
ကွန်တီက “အခွင့်အရေးတွေကိုအသုံးချပြီး ဂိုးသွင်းနိုင်ရပါမယ်။ ဘောလုံးက ရိုးရှင်းပါတယ်။ ဂိုးတွေ သွင်းနိုင်မယ်ဆိုရင် အနိုင်ရမှာပါ။ အခြားတစ်ဘက်မှာလည်း တစ်ဂိုးသာ သွင်းနိုင်မယ်ဆိုရင် မသေချာတဲ့ အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် အင်္ဂလန်မှာပေါ့ဗျာ။ အခွင့်အရေးတွေကို အမိအရအသုံးချဖို့ အကြိမ်များစွာ ပြောခဲ့တာကြောင့် ကျွန်တော်ငြီးငွေ့လာပါပြီ။ ကျွန်တော် အလွန်ပဲစိတ်ပျက်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
-Ref; Sky sports