၁၃၈၀ – ခုနှစ် ၊ အတာသင်္ကြန်ပွဲတော်ကို မိုင်းပျဉ်းမြို့နယ် ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်း စည်းကားသိုက်မြိုက်စွာ ကျင်းပမည်
ဒီကနေ့ (၅.၄.၂၀၁၈) ရက်နေ့ မိုင်းပျဉ်းမြို့နယ် လွှတ်တော်ရုံးခန်းမ၌ ၁၃၈၀ – ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အရန်ပြည်နယ် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန်က ပွဲတော်စီမံချက်နှင့် ပတ်သက်၍လည်းကောင်း ၊ တက်ရောက်လာသူများမှ သက်ဆိုင်ရာအလိုက်လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။ အဆိုပါ အခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးမှ ပါတီဝင်များ စုစုပေါင်း (၁၀၂) ဦးခန့် တက်ရောက်ကြပါသည်။