မကွေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူများ မြို့နယ်ပါတီများသို့ လုပ်ငန်းစိစစ်ရေးနှင့် ရေးရာကော်မတီများလုပ်ငန်းညှိနှိုင်းရေး ကွင်းဆင်းဆောင်ရွက်

 

၁ ဧပြီ၂၀၁၈

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်​အောင်​၊​​ တိုင်းပါတီဘဏ္ဍာရေးမှူးး ဦးကြည်​ထွန်း၊ တိုင်းပါတီလုပ်ငန်းစိစစ်​ရေးအဖွဲ့တာဝန်ခံ ဦး​စောဝင်း​မောင်​နှင့် မကွေးခရိုင်ပါတီဥက္ကဌ တို့သည် ရေးနံချောင်း၊ ချောက်၊ မြို့သစ်၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များသို့ ပါတီလုပ်ငန်းစနစ်တကျရှိစေရေး၊ ရေးရာကော်မတီအလိုက် ဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်လှုပ်ရှားနိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးအတွင်း ကျန်မြို့နယ်များအားလုံးလုပ်ငန်းစိစစ်နိုင်ရေး၊ ရေးရာအလိုက် ကော်မတီများ လုပ်ငန်း​ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်​ကြောင်း သိရသည်​ ။

Min Zaw