မြောက်ကိုရီးယားနှင့် ပတ်သက်သည့် တိုးတက်မှု အားတက်ဟု ကုလအတွင်းရေးမှူးချုပ် ပြော

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ လတ်တလော တိုးတက်မှုတွေကြောင့် အင်မတန် အားတက်ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က မတ်လ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တရုတ်မြို့တော် ဘေကျင်းကို သွားခဲ့တာပါ။

တနင်္ဂနွေကနေ ဗုဒ္ဓဟူးထိ လေးရက်ကြာ တရားဝင်မဟုတ်တဲ့ အလည်အပတ် ခရီးစဉ်လို့ တရုတ်အစိုးရဘက်က ပြောပါတယ်။

ကင်ဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖြုတ်သိမ်းမယ်၊ အမေရိကန် အရာရှိတွေနဲ့ တွေ့မယ်လို့ ခရီးစဉ်အတွင်း ကတိပေးခဲ့ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

ကျန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျနော်တို့ရင်ဆိုင်နေရတဲ့ အကြီးဆုံး အန္တရာယ်ဟာ ခုတော့ ငြိမ်းချမ်းတဲ့အဖြေအတွက် အခွင့်အလမ်း ပေါ်လာပြီလို့ ဂူတားရက်စ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ချီးကျူး ပြောဆိုခဲ့ပါတယ်။

(DVB)