2018 Myanmar Drift ချန်ပီယံရှစ် ကားမောင်းပြိုင်ပွဲ ပြင်ဦးလွင်၌ ကျင်းပမည်
WOLVER MDC 2018 Myanmar Drift Championship ကားမောင်းပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီးနေရာမှာ ဒုတိယအကြိမ်အဖြစ် မတ်လ ၂၄ ရက်ကနေ ၂၅ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Myanmar Drift Championship (Motor Sport Association of Mandalay – MSAM) က ကြီးမှူးကျင်းပတဲ့ ဒီပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့အတွက် မတ်လ(၁၈)ရက်နေ့က မန္တလေးမြို့ HOTEL QUEEN မှာ သတင်းမီဒီယာနှင့်စာနယ်ဇင်းများကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Motor Sport ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ အားကစားတခု ဖြစ်ပေါ်လာဖို့နဲ့ နိုင်ငံတကာစံချိန်မီ ပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်နိုင်အောင် လူငယ်တွေကို အားကစားတခုအဖြစ်နဲ့ စနစ်တကျ လုပ်သင့်တယ်လို့ MSAM မှ ဒါရိုက်တာအဖွဲ့ဝင် ကိုမင်းသန့်ထက်က ပြောပါတယ်။
(DVB)