ဆာလက်၏တန်ဖိုးကို လီဗာပူးက ယူရို ၂၂၅ သန်း သတ်မှတ်

ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ နှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်း ထွက်နေသော အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်၏ တန်ဖိုးကို လီဗာပူးက ယူရို ၂၂၅ သန်း သတ်မှတ်ထား ကြောင်း စပိန်အားကစားသတင်းဌာနများ က ဖော်ပြသည်။

ဆာလက်သည် ၎င်း၏ ဘောလုံးသမားဘဝခြေစွမ်း အကောင်းဆုံးအချိန်အဖြစ် ၄၃ ပွဲတွင် ၃၇ ဂိုး သွင်းယူ ထားခြင်းကြောင့် ဥရောပ ထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသည်။

နွေရာသီက ယူရို ၄၂ သန်းဖြင့် ရိုးမားမှ ပြောင်းရွှေ့လာသော ဆာလက်သည် လီဗာပူးတွင် အချိန်တိုအတွင်း အဓိက ကစားသမားဖြစ်လာပြီး ဝက်ဖို့ဒ်နှင့်ပွဲ၌ သွင်းယူသော လေးဂိုးနှင့်အတူ ယခုရာသီ၏ ဥရောပဂိုးသွင်း ဘုရင်ဆုအတွက် မက်ဆီနှင့် ဟယ်ရီကိန်းတို့ ထက် သာလွန်နေသည်။

၎င်းသည် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီနှင့် ခိုင်းနှုန်းခံရပြီး ဆာလက်က မက်ဆီကဲ့သို့ ကြီးကျယ်သော ကစားသမား တစ်ဦးနှင့် နှိုင်းယှဉ်ခံရခြင်းသည် ကောင်းသောအရာဖြစ်ကြောင်း ပြောသည်။ ၎င်းသည် လီဗာပူးနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားပြီး လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ရလိုကြောင်း ပြောကြားသည်။

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ဆာလက်ကို ချီးကျူးပြီး ၎င်းကို ရောင်းချရန် ဆန္ဒမရှိသော်လည်း ဈေးကွက်လေ့လာသူများ က ဆာလက်သည် ဆွာရက်ဇ်၊ ကော်တင်ဟိုအပြင် အခြားလီဗာပူး ကြယ်ပွင့်ဟောင်းများ ခြေရာကို နင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

—Ref:ESPN/Goal/Dailystar