မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာကော်မတီနှင့် Marubeni Myanmar Co;Ltd တို့ ပူးပေါင်း၍ လယ်/ယာမြေပြုပြင်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

 

မကွေး ၊ မတ် ၊ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးမြို့နယ် တောင်သူလယ်သမားရေးရာကော်မတီနှင့် Marubeni Myanmar Co;Ltd တို့ ပူးပေါင်း၍ လယ်/ယာမြေပြုပြင်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ ၀၉၃၀ နာရီအချိန်တွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်း ပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံ၊ တိုင်းစိုက်ပျိုး/ မွေးမြူဝန်ကြီး (ငြိမ်း) ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ Marubeni ဂျပန်စိုက်ပျိုးရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ စိတ်ပါဝင်သူများနှင့် ပါတီဝင်တောင်သူများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဌ၊ တိုင်းပါတီဘဏ္ဍာရေးမှူးနှင့် တိုင်းတောင်သူလယ်သမားရေးရာတာဝန်ခံတို့မှ မိတ်ဆက်စကားပြောကြားခြင်း၊ စိုက်ပျိုးရေးပညာရှင် ဦးမင်းလဒ်ရဲခေါင်မှ စိုက်ပျိုးရေးဆိုင်ရာများ ရှင်းလင်းဟောပြောခြင်း၊ တောင်သူများယူဆောင်လာသောမြေအမျိုးအစားလိုက် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခြင်း၊ တောင်သူများမှ သိရှိလိုသည်များ ဆွေးနွေးရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

Min Zaw