အိန္ဒိယအစိုးရကို လယ်သမားတွေ ဆန္ဒပြ

Photo: AFP

 

အိန္ဒိယနိုင်ငံမှာ အစိုးရကို ဆန္ဒပြတဲ့ ထောင်နဲ့ချီတဲ့ လယ်သမားတွေ မွမ်ဘိုင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

သီတင်းတစ်ပတ်တာ လမ်းလျှောက်ချီတက်ခြင်းဖြင့် မိုင် ၁၂၄ မိုင်ကို လမ်းလျှောက်ချီတက်ကာ မတ် ၁၁ ရက်တွင် မွမ်ဘိုင်းမြို့သို့ ရောက်ရှိသည်။

ဝန်ကြီးချုပ် မိုဒီ ရဲ့ အာဏာရ BJP ပါတီအနေနဲ့ ရွေးကောက်ပွဲကာလအတွင်း ပေးခဲ့တဲ့ ကတိက၀တ်တွေ မတည်ခဲ့တဲ့အတွက် မွမ်ဘိုင်းမြို့အထိ သီတင်းတစ်ပတ်ကြာ ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ မိုင်ပေါင်း ၁၂၀ ကျော် ချီတက်ခဲ့ကြတာပါ။

စိုက်ပျိုးချေးငွေ လျှော်ပေးဖို့၊ ကောက်ပဲသီးနှံဈေး မျှတဖို့ စတဲ့ BJP ပါတီရဲ့ ကတိက၀တ်တွေ ပျက်ကွက်တဲ့အတွက် အခုလို ခရီးရှည် ချီတက်ဆန္ဒပြကြတာလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဆန္ဒပြ လယ်သမားတွေဟာ မနေ့က လွှတ်တော် ရှေ့မှာ စုဝေးခဲ့ကြပြီး၊ တောင်းဆိုချက်တွေ ရတဲ့အထိ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

-Ref; RFA