အမွေဆက်ခံခွင့် တန်းတူညီမျှရေး တူနီးရှားအမျိုးသမီးများ ချီတက်ဆန္ဒပြ

တူးနစ်မြို့တွင် အမျိုးသမီးများအတွက် တန်းတူအမွေဆက်ခံခွင့် တောင်းဆိုဆန္ဒပြနေသူများ ချီတက်နေစဉ် (Zoubeir Souissi/reuters)

 

အမျိုးသားများနည်းတူ အမွေဆက်ခံခွင့် တန်းတူညီမျှရေး တောင်းဆိုရန် ရာနှင့်ချီသော တူနီးရှားအမျိုးသမီးများ သည် မတ်လ ၁၀ ရက်က မြို့တော်တူးနစ်တွင် လမ်းပေါ်ထွက် ချီတက်ဆန္ဒ ပြခဲ့သည်။

အာရပ်ကမ္ဘာ၌ တူနီးရှား နိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများအတွက် အခွင့်အရေး ပိုပေးထားပြီး မွတ်စလင် အမျိုးသမီးများအနေ ဖြင့် မွတ်စလင်မဟုတ်သည့် အမျိုးသားများအား လက်ထပ်ခွင့်ကို ပြီးခဲ့သည့်နှစ်ကတည်းက ခွင့်ပြု ခြင်းခံခဲ့ရသည်။

သို့သော် မတ်လ ၁၀ ရက် က ဆန္ဒပြသူများသည် တူးနစ်ရှိ ပါလီမန်အဆောက်အအုံသို့ ချီတက်ခဲ့ပြီး မိမိတို့ အနေဖြင့် ဥရောပအမျိုးသမီးများနှင့် ခိုင်းနှိုင်းခံလိုကြောင်းနှင့် တူညီသော အမွေဆက်ခံခွင့် အခွင့်အရေးများ ခံစားပိုင်ခွင့် ရလိုကြောင်း ပြောကြားသည်။

 ယင်းချီတက်ဆန္ဒပြပွဲတွင် အမျိုးသားအချို့ ပါဝင်ဆင်နွှဲခဲ့ ပြီး ‘တစ်ကိုယ်တည်း၊ လက်ထပ်၊ ကွာရှင်း (သို့မဟုတ်) မုဆိုးမ အစ ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အိမ်ထောင်ရေး အခြေအနေမှာ ရှင်တို့ယူသလို ကျွန်မတို့ အတိ အကျယူတယ်’ ကဲ့သို့သော ကြွေး ကြော်သံ ဆောင်ပုဒ်များကို ကိုင် ဆောင်ကာ အစ္စလာမ်မစ်ဥပဒေ အပေါ် အခြေခံရေးဆွဲထားသော အမွေဆက်ခံခွင့်ဥပဒေများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

ယင်းဥပဒေများအရ အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆပိုရသည်။

‘‘တခြား အာရပ်အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် တူနီးရှားအမျိုးသမီးတွေက အခွင့်အရေးတွေ ပိုရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဥရောပအမျိုးသမီးတွေ နဲ့ အနှိုင်းခံရချင်တယ်။ ကျွန်မတို့ ကိုယ့်အခွင့်အရေးတွေကို လိုချင်ရုံတင်ပါ’’ဟု တက်ကြွလှုပ်ရှားသူ ကော်အူသာဘော်လီလာ က ပြောသည်။

 တူနီးရှားသမ္မတ ဘီဂျီကိတ်ဒ်အက်ဘ်ဆီသည် အမျိုးသမီးအခွင့်အရေးများ တိုးတက်စေရန် အဆိုကြမ်းရေးဆွဲရေး ကော်မတီတစ်ရပ်ကို ပြီးခဲ့သည့် နှစ် ဩဂုတ်က ဖွဲ့စည်းခဲ့သည်။ 

—Ref: Reuters