ဖာဒီနန်၊ လမ်းပတ်နဲ့ ဂျာရတ်တို့က ချန်ပီယံလိဂ်ဖလားဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော် ပြော
ပရီးမီးယားလိဂ်မှ ဂန္တ၀င်ကစားသမားဟောင်းကြီးတွေ ဖြစ်ကြတဲ့ မန်ယူအသင်းမှ ရီယို ဖာဒီနန်၊ ချဲလ်ဆီးမှ ဖရန့်လမ်းပတ်နဲ့ လီဗာပူးမှ စတီဗင် ဂျာရတ်တို့မှာ ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးမယ့်အသင်းကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ပြောခဲ့ပြီ ဖြစ်ပါတယ်။
၎င်းတို့ ၃ ဦးတစ်ညီတစ်ညွတ်တည်းထုတ်ဖော်ပြောခဲ့တဲ့ အသင်းကတော့ လက်ရှိ ချန်ပီယံလိဂ် နှစ်ထပ်ကွမ်း ချန်ပီယံရီးရဲမက်ဒရစ်သာလျှင် ချန်ပီယံလိဂ်ဆုဖလားကို သုံးထပ်ကွမ်း ဆွတ်ခူးနိုင်မယ်လို့ ပြောခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းမှာ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားကို ပထမဆုံး ကာကွယ်နိုင်တဲ့အသင်း တစ်သင်းလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယမန်နေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ပွဲမှာလည်း ချန်ပီယံလိဂ်ရဲ့ သဘာတွေကို ပြသနိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၂ ဂိုးနဲ့ အနိုင်ယူ ကာ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။
ရီးရဲအနေနဲ့ ပြည်တွင်းအမှတ်ပေးဖလားပြိုင်ပွဲမှာတော့ ရလဒ်တွေ ကောင်းမွန်နေခြင်းမရှိပဲ ထိပ်ဆုံးမှ ဘာစီလိုနာအောက် ၁၅ မှတ်အထိ ကွာဟ နေတာကြောင့်လည်း ချန်ပီယံလိဂ်ဆုဖလားကို အာရုံအပြည့် စိုက်နေခြင်းလည်း ဖြစ်ပါတယ်။
BBC SPORTSရဲ့ အင်တာဗျူး အမေးအဖြေ အစီအစဉ်မှာတော့ မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က -” အရိုးရှင်းဆုံး ပြောရရင် ရီးရဲမက်ဒရစ် ပဲ ရဖို့များပါတယ်။ အကြောင်းကတော့ ရော်နယ်ဒိုကြောင်ပါ။” လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။
လီဗာပူး ဂန္တ၀င်ကစားသမားကြီး ဂျာရတ်ကပြောရာမှာတော့ -” ဒီအဆင့်မှာ လီဗာပူးက အခွင့်အရေး ရှိနေပေမယ့် ရီးရဲသာလျှင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံးပါပဲ။” လို့ ဆက်လက် ထောက်ခံပြောခဲပါတယ်။
နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ချဲလ်ဆီးအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံးရှင် လမ်းပတ်ကလည်း -” ကျွန်တော်လည်း သူတို့နှစ်ယောက်ပြောတာကို ထောက်ခံပါတယ်။ ဒါပေမယ့် အတိအကျမှန်းဆဖို့တော့ ခက်ပါသေးတယ်။” လို့ ထောက်ခံပြောခဲ့ပါတယ်။
ကွာတားဖိုင်နယ်အဆင့်ကိုတော့ အင်္ဂလန်ကလပ်နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူး၊ အီတလီကလပ် ဂျူဗင်တပ်နဲ့ စပိန်ကလပ် ရီးရဲမက်ဒရစ်တို့ တက်ရောက်နှင့်ပြီလည်း ဖြစ်ပါတယ်။
Crd; Duwun