ပြည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲကျင်းပ
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်aရးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လူငယ်တွေ့ဆုံပွဲကို ယခုလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မိုးညှင်းပြည်ခိုင်ဖြိုး ဧည့်ရိပ်သာယာယီမဏ္ဍပ်ပြုလုပ်ခဲ့ရာ မိုးညှင်း၊ မိုး ကောင်း၊ ဖားကန့်မြို့နယ်များမှ ပါတီဝင်လူငယ်၂၅၂ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကြကာပါတီဗဟိုအလုပ်အမှုဆောင် (ဗဟိုလူငယ်ရေးရာတာဝန်ခံ) ဒေါက်တာအောင်မြတ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်အမှာကားပြောကြားခဲ့သည်။ ဆက်လက်၍ မိုးညှင်းခရိုင်နှင့် မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်လူငယ်ရေးရာ အစီရင် ခံစာများကို ဖတ်ကြားတင်သွင်းကြပြီး ပြည်သူ့ အနာဂတ်ပိုမိုတောက်ပဖို့ ပြည်ခိုင်ဖြိုးနဲ့လက်တွဲစို့ ခေါင်းစဉ်ဖြင့် ပါတီဝင်လူငယ်များက အပြန်အလှန် ဆွေးနွေးကြသည်။
ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် (လူငယ် ရေးရာတာဝန်ခံ)ဒေါက်တာအောင်မြတ်ဦးက ပါတီ ဝင်လူငယ်များ၏ တင်ပြဆွေးနွေးချက်များကို ပြန် လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ ပြည်ခိုင်ဖြိုးသီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အင်းသားကြီး