ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နန်းမယ်ခုံမြို့ မြို့မ ကယန်းရပ်ကွက် ပါတီဝင်များနှင့်တွေ့ဆုံပွဲ
ယနေ့(၂၅ -၂ – ၂၀၁၈) ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန် တွင် ဒီးမော့ဆိုမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက် လူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံပါသည်။
ယင်းတွေ့ဆုံရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့များက လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များဆွေးနွေးခြင်း၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ၊ အလုပ်သမားနှင့် တောင်သူလယ်သမားရေးရာ ရှေ့လုပ်ငန်းစဉ်များေ ဆွေးနွေးခဲ့ပြီး ပါတီရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရေးပါတီဝင်များနှင့် အပြန်အလှန် အကျယ်တ၀င့် ဆွေးနွေးသွားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်နယ်ကော်မတီဝင် ဒေါ်မော်မော်ခိုင်နှင့် ဒေါ်ဒေါရစ်လေး၊ လွိုင်ကော်ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးသူးရယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေရီယန်၊ အတွင်းရေးမှူး ဦးဝီလျှံဇော်ထိုက်နှင့် မြို့နယ်ကော်မတီ ၀င်များ၊ နန်းမယ်ခုံမြို့ မြို့မကယန်းရပ်ကွက်ရှိ ပါတီဝင်များ၊ အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်းအင်အား (၄၀)ကျော် တက်ရောက်ကာ တွေ့ဆုံပွဲကို ညနေ (၃း၀၀) နာရီ တွင် ပြီးစီးကြောင်း သိရှိရသည်။
Crd;