ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ ဦးအောင်မြတ်ဦး မြစ်ကြီးနားခရိုင် လူငယ်တွေ့ဆုံပွဲတက်ရောက်
မြစ်ကြီးနားခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို (၂၆-၂-၂၀၁၈) ရက်နေ့ နေ့လည် (၁) နာရီက ကချင်ပြည်နယ် ပါတီရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ နိုင်ငံတော်သီချင်းသီဆိုလျှက် နိုင်ငံတော်အလံအား အလေးပြု ခြင်း၊ “ပြည်ခိုင်ဖြိုးလူငယ်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်အမှုဆောင် ၊ လူငယ်ရေးရာတာဝန်ခံ၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာဦးအောင်မြတ်ဦး တက်ရောက်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ အစီအစဉ်အရ ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျူံ က အားပေးစကားပြောကြားပြီး လူငယ်နှီးနှောဖလှယ်မှ တွေ့ရှိချက်စာတမ်းများကို မြစ်ကြီးနား၊ ၀ိုင်းမော်လူငယ်ကော်တီဝ င်များက တင်ပြကြပါသည်။
ထိုနောက် တက်ရောက်လာကြသူများက တင်ပြကြပြီး လူငယ်ရေးရာတာဝန်ခံက နိဂုံးချုပ် အမှာစကားပြောကြားကာ ညနေ (၃း၃၀) နာရီအချိန်ခန့်တွင်” ပြည်ခိုင်ဖြိုး ..ဟေ့”သီချင်းသီဆို ကာ အခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။
Crd;