ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
(၂၃.၂.၂၀၁၈) ရက်နေ့ နံနက် (၀၈း၃၀) အချိန်တွင် ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်မှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ကာ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းကော်မတီဝင် ဒေါ်သိင်္ဂီအောင်မှသင်တန်းစည်းကမ်းများဖတ်ကြားရှင်းလင်ခဲ့ကြောင်းသိရှိရပါသည်။