မိုးကောင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်စဉ်ကြေးပေးအပ်

မိုးကောင်းမြို့နယ် မြို့သစ်ကြီးကျေးရွာအုပ်စုမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပါတီဝင် ၃ဝ ၏နှစ်စဉ် ကြေးများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်ထံပေးအပ်သည်။

”ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ပါတီရဲ့ စည်းရုံးရေးလုပ်ငန်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် က ပြောသည်။
မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၏ ပါတီဝင်နှစ်စဉ်ကြေးပေး အပ်ပွဲကျင်းပလာရာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။

EPN