ကျိုက်လတ်မြို့တွင် ရပ်/ ကျေးပါတီစည်းရုံးရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေး

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ကျိုက်လတ်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာများ၌ ပါတီစည်းရုံးရေးမှူးများအား ရပ်/ ကျေးပါတီဥက္ကဋ္ဌအဖြစ် တာဝန် ပေးခန့်အပ်ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစန်းမောင်၊ခရိုင်ပါတီ ကော်မတီဝင်များနှင့် အရန်ပါတီ ကော်မတီဝင်များ၊ ကျိုက်လတ်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ကျေးရွာ ၉၃ အုပ်စုမှ စည်းရုံးရေးမှူးများ တက် ရောက်ခဲ့သည်။

အခမ်းအနားတွင် ခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းမောင်က ရှေးဦးစွာ အဖွင့်အမှာစကား ပြော ကြားခဲ့ပြီးနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့မှ ရှေ့ ဆက်သွားမည့် ပါတီလုပ်ငန်းစဉ် များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရပ်/ကျေး စည်းရုံးရေးမှူးများအား ပါတီကော် မတီဥက္ကဋ္ဌတာဝန်ပေး ခန့်အပ်လွှာ များကို တက်ရောက်လာသော ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် များမှ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ