ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှကြီးမှူးသည့် နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း (၄/၂၀၁၈) ကျောက်ဖြူခရိုင်တွင်ဖွင့်လှစ်

 

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်ပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးထွေးလှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ပြည်နယ်ကော်မတီဝင် ဦးသိန်းနုမှ သင်တန်းဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊

အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးထွေးလှနှင့် ပြည်နယ်ကော်မတီဝင်၊ခရိုင်ဥက္ကဌ ၊ ကျောက်ဖြု ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းတို့မှ ဥက္ကဌများ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ ၊ ကော်မတီဝင်များ၊ မြို့နယ် (၄) မြို့နယ်မှ ပါတီဝင် သင်တန်းသား / သူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်၊၊

အဆိုပါ သင်တန်းတွင် နည်းပြများအဖြစ် ဗဟိုကော်မတီဝင် ဦးထွေးလှ၊ ပြည်နယ်ကော်မတီဝင် ဦးသိန်းနု၊ ကျောက်ဖြူ၊ ၊ ရမ်းဗြဲ၊ မာန်အောင် မြို့နယ်ဥက္ကဌများဖြစ်ကြသော ဦးသောင်းဝင်း၊ ဦးလှထွန်းဖြူ ၊ ဦးမောင်ကြည်တို့က သင်တန်းပို့ချမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ (၁၅-၂-၂၀၁၈) မှ (၁၇-၂- ၂၀၁၈) နေ့အထိဖြစ်ကြောင်းသိရှိရပါသည်၊၊

ပထမပိုင်းတွင် သင်တန်းပို့ချမူအား ဆက်လက်ပြုလုပ်ရာ ဗဟိုကော်မတီဝင် ဦးထွေးလှမှ ပို့ချနေပြီး သင်တန်းနည်းပြများမှ ဆက်လက်သင်ကြားပို့ချ မည်ဖြစ်ကာ ညနေ (၄:၃၀) အချိန်တွင် ပထမနေ့ ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

ဦးဇော်ဇော်ဝင်း(မီဒီယာ)
ကျောက်ဖြူခရိုင်